Showing posts with label Sunny Suwanmethanont. Show all posts
Showing posts with label Sunny Suwanmethanont. Show all posts

Wednesday, May 20, 2020

Brother of the Year (2018)



Brother of the year (2018)
တလောလေးက ရုံတင်သွားတဲ့ ထိုင်း ဒရာမာကားလေးတစ်ကားတင်ပေးထားပါတယ်။
ဇာတ်လမ်းအကျဉ်း
ဂျိန်းဆိုတဲ့ အလုပ်ကြိုးစားပြီး လှပတဲ့မိန်းမငယ်လေးမှာ ဘာမှမလုပ်တတ် မလုပ်ချင် ဖြစ်သလိုနေတတ်တဲ့ ရှက် ဆိုတဲ့ အစ်ကိုတစ်ယောက် ရှိနေပါတယ်။
ငယ်ငယ်ကတည်းက အိမ်ကိစ္စတွေရော ညီမအတွက်ရော ဘာတာဝန်မှမယူတဲ့ အစ်ကိုဖြစ်သူဟာ ညီမကိုကြိုက်တဲ့ကောင်လေးတွေကို တွေ့လာရင်တော့ လုံးဝတာဝန်ယူပြီး ချိန်းခြောက်လွှတ်လေ့ရှိပါတယ်။
နောက်ဆုံးတစ်ခေါက်မှာ ဂျိန်းနဲ့ကြိုက်မိသွားတဲ့ ထိုင်းဂျပန် ကပြားကောင်လေး မိုဂျီက လပ်ထပ်ခွင့်တောင်းလာချိန်၊ ညီမရယ် အစ်ကိုရယ် ယောက်ဖလောင်းရယ် အလုပ်တစ်ခုထဲမှာ တွေ့ရချိန်မှာ…….
crd to channelmyanmar
( မင်းသား Sunny ရဲ့ ဇာတ်ကားအားလုံးကို ဒီမှာ https://prizedataworld.blogspot.com/search/label/Sunny%20Suwanmethanont  ရှာလို့ရပါတယ်။)

Mr. Hurt (2017)

Mr. Hurt (သို့) နာကျင်နေသော ချိဖ
I Fine..Thank You..Love You,Heart Attack ဇာတ်ကားတွေထဲက နာမည်ကြီးမင်းသား Sunny ရဲ့ နောက်ထပ်ဇာတ်ကားတစ်ကားပါ။
ဒီဇာတ်ကားတစ်ခုလုံးကို သူ့ရဲ့ပိုင်နိုင်တဲ့ သရုပ်ဆောင်ချက်တွေနဲ့ သိပ်သည်းအောင် လုပ်ပြနိုင်ခဲ့ပါတယ်။
ဇာတ်လမ်းကတော့ နာကျင်နေသောချိဖ တစ်ယောက်အကြောင်းပါ။
အစွဲအလမ်းကြီးသလို ဒေါသလဲကြီးတတ်တဲ့ နာကျင်နေသောချိဖ ဒွန်စီချန်။(သူဟာယောင်္ကျားလေးအများစုရဲ့ သဘာဝကိုကိုယ်စားပြုသွားပါတယ်။)
ခေါင်းနည်းနည်းလွတ်နေပေမယ့် ရုပ်ဖြောင့် ပိုက်ဆံရှိလို့ အဆိုတော်ဖြစ်လာပုံရတဲ့ ဂျင်မီ။
နှလုံးသားထက် အောင်မြင်ကျော်ကြားမှုကို မက်တွယ်ထားတဲ့ နိုင်ငံကျော်မော်ဒယ် အန်နာ။ (သူကလဲ မိန်းကလေးအများစုရဲ့ သဘာဝကို ကိုယ်စားပြုသွားပါတယ်။)
ကြင်နာတတ်တဲ့ မိခင်စိတ်မျိုးနဲ့ ရောဂါသည်မလေး ဒီယူ။
ဒီဇာတ်ကောင်လေးယောက်ကို အခြေပြုလို့ ချစ်ခြင်းရဲ့နာကျင်မှုတွေအကြောင်းကို ပြသထားပါတယ်….။
အပြင်မှာလိုပါပဲ…
ယောင်္ကျားလေးတွေဟာ နှလုံးသားခပ်များများ ဦးနှောက်ခပ်နည်းနည်းနဲ့ ချစ်ခြင်းမှာ နစ်မြုပ်နေတတ်ကြပြီး
မိန်းကလေးတွေကတော့ နှလုံးသားခပ်နည်းနည်း ဦးနှောက်ခပ်များများနဲ့ ချစ်ခြင်းကို စီမံတတ်ကြပါတယ်။
ဒါပေမယ့်ဘယ်သူပဲဖြစ်ဖြစ်ပါလေ…
တကယ်ချစ်ရသူကတော့ အမြဲတမ်း နာကျင်ရတာပါပဲ။
ခံစားနာကျင်ပေးကြပါဦး။
( မင်းသား Sunny ရဲ့ ဇာတ်ကားအားလုံးကို ဒီမှာ https://prizedataworld.blogspot.com/search/label/Sunny%20Suwanmethanont  ရှာလို့ရပါတယ်။)

-Zawgyi-

Mr. Hurt (သို့) နာကျင်နေသော ချိဖ

I Fine..Thank You..Love You,Heart Attack ဇာတ်ကားတွေထဲက နာမည်ကြီးမင်းသား Sunny ရဲ့ နောက်ထပ်ဇာတ်ကားတစ်ကားပါ။
ဒီဇာတ်ကားတစ်ခုလုံးကို သူ့ရဲ့ပိုင်နိုင်တဲ့ သရုပ်ဆောင်ချက်တွေနဲ့ သိပ်သည်းအောင် လုပ်ပြနိုင်ခဲ့ပါတယ်။
ဇာတ်လမ်းကတော့ နာကျင်နေသောချိဖ တစ်ယောက်အကြောင်းပါ။
အစွဲအလမ်းကြီးသလို ဒေါသလဲကြီးတတ်တဲ့ နာကျင်နေသောချိဖ  ဒွန်စီချန်။(သူဟာယောကျင်္ားလေးအများစုရဲ့ သဘာဝကိုကိုယ်စားပြုသွားပါတယ်။)
ခေါင်းနည်းနည်းလွတ်နေပေမယ့် ရုပ်ဖြောင့် ပိုက်ဆံရှိလို့ အဆိုတော်ဖြစ်လာပုံရတဲ့ ဂျင်မီ။
နှလုံးသားထက် အောင်မြင်ကျော်ကြားမှုကို မက်တွယ်ထားတဲ့ နိုင်ငံကျော်မော်ဒယ် အန်နာ။ (သူကလဲ မိန်းကလေးအများစုရဲ့ သဘာဝကို ကိုယ်စားပြုသွားပါတယ်။)
ကြင်နာတတ်တဲ့ မိခင်စိတ်မျိုးနဲ့ ရောဂါသည်မလေး ဒီယူ။
ဒီဇာတ်ကောင်လေးယောက်ကို အခြေပြုလို့ ချစ်ခြင်းရဲ့နာကျင်မှုတွေအကြောင်းကို ပြသထားပါတယ်….။
အျပင္မွာလိုပါပဲ…
ယောကျင်္ားလေးတွေဟာ နှလုံးသားခပ်များများ ဦးနှောက်ခပ်နည်းနည်းနဲ့ ချစ်ခြင်းမှာ နစ်မြုပ်နေတတ်ကြပြီး
မိန်းကလေးတွေကတော့ နှလုံးသားခပ်နည်းနည်း ဦးနှောက်ခပ်များများနဲ့ ချစ်ခြင်းကို စီမံတတ်ကြပါတယ်။
ဒါပေမယ့်ဘယ်သူပဲဖြစ်ဖြစ်ပါလေ…
တကယ်ချစ်ရသူကတော့ အမြဲတမ်း နာကျင်ရတာပါပဲ။
ခံစားနာကျင်ပေးကြပါဦး။
crd to channelmyanmar

Heart Attack (2015)

ဒီရုပ်ရှင်ကားကို ပိုစတာ မြင်ရုံနဲ့ စိတ်ဝင်စားခဲ့တယ် ကောင်းကောကောင်းရဲ့လား အရည်မရ အဖတ်မရတွေလားလို့
တွေးထင်ခဲ့ဖူးတယ် ….
အရင်ဆုံး သိလိုက်ရတာကတော့ IMDb မှာ 7.8 Rating ရရှိထားတာပါ။
Asia ရုပ်ရှင်ကားတွေမှာ အတော်ရှားပါးတဲ့ Rate မျိုးပေါ့….
i Fine i Thank I Love U ထဲက မင်းသား အပါအဝင် Pee Mak ရုပ်ရှင်ကားထဲမှ မင်းသမီး ပါဝင်ပါတယ်..
ဇတ်လမ်းပုံစံ အစပျိုးထားတာကတော့ ယွန်း ဆိုတဲ့ ကောင်လေးက ဂရစ်ဖစ်ဒီဇိုင်နာပါ သူဟာ အလုပ်အလွန်ကြိုးစားသူဖြစ်ပြီး
အလုပ်တစ်ခုလုပ်ရင် ဇွဲရှိရှိလုပ်တာမို့ ညမအိပ်တန်း လုပ်ဖြစ်ပေမယ့် သူ နောက်ဆုံး လုပ်နေတဲ့ အလုပ်ဟာ
ဘယ်လောက်အောင် ညမအိပ်ပဲ လုပ်လဲဆို ၄ ရက်ခွဲ တိတိ သူမအိပ်ပဲ အလုပ်အပ်သူ စိတ်တိုင်းကျ ပုံတွေ ပြင်ပေးခဲ့ပါတယ်
အလုပ်အပ်သူက သဘောကျပေမယ့် သူ့ရဲ့ အိပ်ချိန်တွေဟာ ဆုံးရှုံးခဲ့ပါတယ် ဒါကိုပဲ ယွန်းက ဂုဏ်ယူနေတက်သူပါ
ကမ္ဘာပေါ်မှာ အလုပ်လုပ်နိုင်ဆုံး လူသား ညမအိပ်တဲ့ သူဆိုပြီးတော့ပေါ့….
ယွန်း ကို အလုပ်အပ်သူတွေ နဲ့ ချိတ်ဆက်ပေးတာကတော့ ယွန်း ရဲ့ BFF ဖြစ်တဲ့ ဂျဲလ် ပါ
အလုပ်အရမ်းများတဲ့ ယွန်း မှာ ဂျဲ ဆိုတဲ့ ပြောမနာ ဆိုမနာ သူငယ်ချင်းကောင်မလေးပဲ ရှိပြီး လူမှုရေး ကိစ္စတွေ မှာ
အချိန်မပေးနိုင်လို့ ယွန်း ကို ဘယ်သူငယ်ချင်းကမှ အပေါင်းအသင်းမလုပ်ပါဘူး…
တစ်ရက်မှာတော့ သူ ငွေကြေးနဲ့ လဲလှယ်ခဲ့တဲ့ သူ့အချိန်တွေကတေ ကျန်းမာရေး ထိခိုက်မှုတွေဖြစ်လာခဲ့ပါတယ်
ဟုတ်ပါတယ် ယွန်း ရဲ့ ကိုယ်မှာ အနီစက် မြောက်များစွာ ပေါ်လာပြီး ယားနာလိုတွေ ဖြစ်လာပါတယ် အစက သိပ်မသိသာပေမယ့်
နောက်ပိုင်းရောဂါ ပိုဆိုးလာလို့ အပြင်ဆေးရုံမှာ သွားပြတဲ့ အခါ ဘတ် ၇၀၀၀ ကျော် ကျသွားပါတယ်
မြန်မာငွေနဲ့ဆိုရင် ၂ သိန်း နီးပါး ပါ ဒါပေမယ့် ထိုဆေးတွေ နဲ့လဲ သူမသက်သာတဲ့ အခါ
Online မှာ လိုက်ရှာဖွေတဲ့အခါ ရောဂါ သက်သာပြီး စရိတ်စက နည်းတဲ့ ပြည်သူ့ဆေးရုံကိုရောက်သွားပါတယ်
အဲ့ဒီမှာ အရေပြား ဆရာဝန်ဖြစ်တဲ့ ဒေါက်တာအမ် နဲ့ စတွေ့ရပါတော့တယ်…
ဒေါက်တာ အမ် က ယွန်း ကို အလုပ် က ဘ၀ မဟုတ်ကြောင်း ကျန်းမာရေးကို ဂရုစိုက်ဖို့ ဆေးသောက်ဖို့ အပြင်
စိတ်ပျော်ရွှင်ဖို့ ကျန်းမာဖို့ နေထိုင်နည်းတွေပါ ပေးလိုက်ပါတယ် ဒါပေမယ့် အလုပ်အရမ်းများလွန်းတဲ့ ယွန်း ဟာ
ဘယ်သူ့ စကားမှ နားမထောင်ပေမယ့် ဒေါက်တာအမ် နှင့် စတွေ့ပြီး နောက်ပိုင်း အတည်တကျ ဖြစ်နေတဲ့
အလုပ်ချိန်တွေ ဇယားတွေ နဲ့ ပြည့်နေတဲ့ သူ့ဘ၀ ဟာ ကမောက်ကမ တွေ စဖြစ်လာပါတော့တယ်…
ဒီရုပ်ရှင်ကားကို ဘာသာပြန်ပေးထားသူကတော့ Tariq L Walker ဖြစ်ပြီး အညွှန်းကိုတော့ ကျနော် သစ်ဆန်းခန့် မှ
ရေးပေးထားပါတယ်…
crd to channelmyanmar

( မင်းသား Sunny ရဲ့ ဇာတ်ကားအားလုံးကို ဒီမှာ https://prizedataworld.blogspot.com/search/label/Sunny%20Suwanmethanont  ရှာလို့ရပါတယ်။)

I Fine Thank You Love You (2014)

မင်းသား Sunny နဲ့ မင်းသမီး Ice တို့ရဲ့ နာမည်ကြီးဇာတ်ကားပါ။
အချစ်ဆိုတာကြီးကို အခုချိန်ထိ ဘယ်ပညာရှင်ကမှ တိတိကျကျ အဓိပ္ပါယ်မဖွင့်ဆိုနိုင်သေးပါဘူး…
ဘာကြောင့်လဲဆိုတော့ အချစ်ဆိုတာဟာ အမှန်တရားတွေအများကြီးရှိနေပြီး ထူးဆန်းလွန်းအားကြီးလို့ပါပဲ…
သင့်အနေနဲ့ အချစ်ဆိုတာ ဘယ်အချိန် ဘယ်နေရာမှာ ဘယ်လိုတွေ့ရမယ်ဆိုတာဘယ်သူမှမသိနိုင်ပါဘူး။
ဒီလိုမျိုးထူးဆန်းတဲ့ အချစ်အကြောင်းကို ကြည်နူးစရာ တင်ဆက်ထားတဲ့ ဇာတ်ကားပါ။
ဒီဇာတ်ကားလေးဟာ ဖလန်းဖလန်းစိန် အင်္ဂလိပ်စာသင်တန်းဆရာမလေး Pleng နဲ့ ဂွတီးဂွကျနိုင်တဲ့ Yim ဆိုတဲ့အင်ဂျင်နီယာတစ်ယောက်တို့ရဲ့ အချစ်ဇာတ်လမ်းလေးကို ရသပေါင်းစုံဝေဝေဆာဆာနဲ့ ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ် … လူကြီးမင်းတို့အနေနဲ့ ထူးဆန်းလွန်းတဲ့ အချစ်ဆိုတာကြီးကို ဒီဇာတ်ကားလေးကြည့်ရှုရင်း ခံစားကြပါဦးလို့ …….။
ဖေဖော်ဝါရီ ၁၄ ရက်နေ့ (V-Day နေ့)ဟာဆိုရင် ဇာတ်ကားထဲက အဓိကမင်းသမီးလေး
Preechaya Pongthananikorn ရဲ့ မွေးနေ့လည်းဖြစ်ပါတယ်…
အဆင်ပြေရင် “Happy Birthday ပါ….Ice” ဆိုပြီးမန့်သွားပေးကြပါ ..
သူ့ရဲ့ Nickname က Ice Preechaya ဖြစ်ပါတယ်။
(စကားမစပ်….ပျော်ရွှင်စရာ ချစ်သူများနေ့ဖြစ်ပါစေ………။)
#Ye’ Kyaw Htet
(Ye Kyaw Htet မှ အမှန်အကန်ခံစားတင်ဆက်ထားတာပါ။)

( မင်းသား Sunny ရဲ့ ဇာတ်ကားအားလုံးကို ဒီမှာ https://prizedataworld.blogspot.com/search/label/Sunny%20Suwanmethanont  ရှာလို့ရပါတယ်။)

– Zawgyi-
အချစ်ဆိုတာကြီးကို အခုချိန်ထိ ဘယ်ပညာရှင်ကမှ တိတိကျကျ အဓိပ္ပါယ်မဖွင့်ဆိုနိုင်သေးပါဘူး… ဘာကြောင့်လဲဆိုတော့ အချစ်ဆိုတာဟာ အမှန်တရားတွေအများကြီးရှိနေပြီး ထူးဆန်းလွန်းအားကြီးလို့ပါပဲ…
သင့်အနေနဲ့ အချစ်ဆိုတာ ဘယ်အချိန် ဘယ်နေရာမှာ ဘယ်လိုတွေ့ရမယ်ဆိုတာဘယ်သူမှမသိနိုင်ပါဘူး။
ဒီလိုမျိုးထူးဆန်းတဲ့ အချစ်အကြောင်းကို ဟောဒီ ထိုင်းအချစ်ဟာသ ဇာတ်ကားလေးထဲမှာ ကြည်နူးစရာ တင်ဆက်ထားပါတယ်။
ဒီဇာတ်ကားလေးဟာ ဖလန်းဖလန်းစိန် အင်္ဂလိပ်စာသင်တန်းဆရာမလေး Pleng နဲ့ ဂွတီးဂွကျနိုင်တဲ့ Yim ဆိုတဲ့အင်ဂျင်နီယာတစ်ယောက်တို့ရဲ့ အချစ်ဇာတ်လမ်းလေးကို ရသပေါင်းစုံဝေဝေဆာဆာနဲ့ ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ် … လူကြီးမင်းတို့အနေနဲ့ ထူးဆန်းလွန်းတဲ့ အချစ်ဆိုတာကြီးကို ဒီဇာတ်ကားလေးကြည့်ရှုရင်း ခံစားကြပါဦးလို့ …….။
ဖေဖော်ဝါရီ ၁၄ ရက်နေ့ (V-Day နေ့)ဟာဆိုရင် ဇာတ်ကားထဲက အဓိကမင်းသမီးလေး
Preechaya Pongthananikorn ရဲ့ မွေးနေ့လည်းဖြစ်ပါတယ်…
အဆင်ပြေရင် “Happy Birthday ပါ….Ice” ဆိုပြီးမန့်သွားပေးကြပါ ..
သူ့ရဲ့ Nickname က Ice Preechaya ဖြစ်ပါတယ်။
(စကားမစပ်….ပျော်ရွှင်စရာ ချစ်သူများနေ့ဖြစ်ပါစေ………။)
#Ye’ Kyaw Htet
(Ye Kyaw Htet မွ အမွန္အကန္ခံစားတင္ဆက္ထားတာပါ။)
crd to channelmyanmar

Seven Something (2012)

2012 က ထွက်ရှိခဲ့တဲ့ Seven Something ဇာတ်ကားလေးဟာ
ထိုင်းနိုင်ငံရဲ့ အကောင်းဆုံး Top 20 List ထဲမှာဝင်တဲ့ဇာတ်ကားလေးပါ
ထိုင်းတို့ Ro ပြီဆိုရင် အသေကြွေတယ်မလား..ဒီဇာတ်ကားလေးဟာလည်း
အချစ်ဇာတ်လမ်းလေး သုံးခုကို ရိုက်ကူးတင်ဆက်ထားခြင်းပဲဖြစ်ပါတယ်
ပထမဆုံးကတော့ ဗီဒီယိုရိုက်တာအရမ်းဝါသနာပါတဲ့ ဒါရိုက်တာဖြစ်ချင်တဲ့
အထက်တန်းကျောင်းသားလေးတစ်ယောက်.သေချာပြောရမယ်ဆိုရင်တော့
Social Media ( Facebook , twitter , instagram ) တွေကိုဘဝမှတ်နေတဲ့
ကျောင်းသားလေးရဲ့အချစ်ဇာတ်လမ်းလေး
ဒုတိယကတော့ ကျော်ကြားမှုကိုမက်မောတဲ့မင်းသမီးတစ်ယောက်နဲ့
အဏ္ဏဝါ ပြတိုက်ကရေငုတ်သမားလေးတစ်ယောက်..သူတို့တွေ
ချစ်ခဲ့ကြပေမယ့် မိန်းကလေးက ကျော်ကြားမှုကိုအလွန်အမင်းပဲ
မက်မောလွန်းတာကြောင့်လမ်းခွဲခဲ့ရတယ်..ဘာတွေဆက်ဖြစ်မလဲဆိုတာ
ကြည့်ရမယ့်အချစ်ဇာတ်လမ်းလေး
တတိယတစ်ခုကတော့.. ခင်ပွန်းသည်ဆုံးပါးသွားတဲ့အသက်၄၀ကျော်
မမကြီးနဲ့ ၂၀ ကျော် အက်စမာရောဂါကြောင့်မာရသွန်ပြေးတဲ့ကောင်လေး
တို့ဇာတ်လမ်းလေး..ခံစားချက်တွေဖြစ်ပေါ်ခဲ့ပေမယ့်
မဖြစ်သင့်ဘူး မဖြစ်နိုင်ဘူးဆိုတဲ့အရာတွေကိုဘယ်လိုကျော်ဖြတ်ပြီး
ဘယ်လိုရှေ့ဆက်မလဲဆိုတာကိုကြည့်ရမှာပါ..
အချစ်ဇာတ်လမ်းကောင်းလေးတွေကြိုက်နှစ်သက်သူတွေအတွက်တော့
ကြည့်ရှုသင့်တဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်

( မင်းသား Sunny ရဲ့ ဇာတ်ကားအားလုံးကို ဒီမှာ https://prizedataworld.blogspot.com/search/label/Sunny%20Suwanmethanont  ရှာလို့ရပါတယ်။)

– Zawgyi-
2012 က ထွက်ရှိခဲ့တဲ့ Seven Something ဇာတ်ကားလေးဟာ
ထိုင်းနိုင်ငံရဲ့ အကောင်းဆုံး Top 20 List ထဲမှာဝင်တဲ့ဇာတ်ကားလေးပါ
ထိုင်းတို့ Ro ပြီဆိုရင် အသေကြွေတယ်မလား..ဒီဇာတ်ကားလေးဟာလည်း
အချစ်ဇာတ်လမ်းလေး သုံးခုကို ရိုက်ကူးတင်ဆက်ထားခြင်းပဲဖြစ်ပါတယ်

ပထမဆုံးကတော့ ဗီဒီယိုရိုက်တာအရမ်းဝါသနာပါတဲ့ ဒါရိုက်တာဖြစ်ချင်တဲ့
အထက်တန်းကျောင်းသားလေးတစ်ယောက်.သေချာပြောရမယ်ဆိုရင်တော့
Social Media ( Facebook , twitter , instagram ) တွေကိုဘဝမှတ်နေတဲ့
ကျောင်းသားလေးရဲ့အချစ်ဇာတ်လမ်းလေး

ဒုတိယကတော့ ကျော်ကြားမှုကိုမက်မောတဲ့မင်းသမီးတစ်ယောက်နဲ့
အဏ္ဏဝါ ပြတိုက်ကရေငုတ်သမားလေးတစ်ယောက်..သူတို့တွေ
ချစ်ခဲ့ကြပေမယ့် မိန်းကလေးက ကျော်ကြားမှုကိုအလွန်အမင်းပဲ
မက်မောလွန်းတာကြောင့်လမ်းခွဲခဲ့ရတယ်..ဘာတွေဆက်ဖြစ်မလဲဆိုတာ
ကြည့်ရမယ့်အချစ်ဇာတ်လမ်းလေး

တတိယတစ်ခုကတော့.. ခင်ပွန်းသည်ဆုံးပါးသွားတဲ့အသက်၄၀ကျော်
မမကြီးနဲ့ ၂၀ ကျော် အက်စမာရောဂါကြောင့်မာရသွန်ပြေးတဲ့ကောင်လေး
တို့ဇာတ်လမ်းလေး..ခံစားချက်တွေဖြစ်ပေါ်ခဲ့ပေမယ့်
မဖြစ်သင့်ဘူး မဖြစ်နိုင်ဘူးဆိုတဲ့အရာတွေကိုဘယ်လိုကျော်ဖြတ်ပြီး
ဘယ်လိုရှေ့ဆက်မလဲဆိုတာကိုကြည့်ရမှာပါ..
အချစ်ဇာတ်လမ်းကောင်းလေးတွေကြိုက်နှစ်သက်သူတွေအတွက်တော့
ကြည့်ရှုသင့်တဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်

အညွှန်းနဲ့ဘာသာပြန်သူ Nu Mon ဖြစ်ပါတယ်
Encoded By LK
crd to channelmyanmar

The Bedside Detective (2007)

IMDb Rating (6.4) ရရှိထားတဲ့ ထိုင်းဟာသဇာတ်ကားလေးဖြစ်ပါတယ်။
ဂျော့ဆိုတဲ့ ငနဲလေးဟာ စွန့်စားတီထွင်ရတာကို ကြိုက်တတ်တဲ့ လူငယ်တစ်ယောက်ပါ…
သူဟာ…တီဗွီပန်ကာ…နေရောင်ခြည်နဲ့ကင်စားရတဲ့ ဘာဘီကျူးဆိုင် စတဲ့ စွန့်ဦးတီထွင်တဲ့လုပ်ငန်းတွေကို စိတ်ကူးပေါက်သလိုလုပ်ပြီး
လုပ်တိုင်းမှာ သောက်တလွဲဖြစ်သွားတတ်ပေမယ့် စိတ်ဓါတ်ကတော့ လုံးဝမကျပါဘူး….
ဒါပေမယ့် အကြွေးတွေ ဖိစီးလာတဲ့အခါမှာတော့ ပိုက်ဆံရမယ့် စွန့်စွန့်စားစား အလုပ်တစ်ခုကို လုပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်….
ဒါကတော့ ကြာကူလီဇာတ်လမ်းအရှုပ်တွေကို ဖော်ထုတ်ရမယ့် စုံထောက်လုပ်ငန်းပါ။
အဲ့ဇာတ်လမ်းအရှုပ်တွေထဲက ကောင်မလေးတစ်ယောက်ကို မြင်မြင်ချင်းကြွေသွားမိတဲ့အခါမှာတော့….
မောင်ဂျော့တစ်ယောက် ဘယ်လိုတွေ စွန့်စားမလဲဆိုတာ………။
မင်းသားကတော့ I fine thank you,love you …Heard Attack ဇာတ်ကားတွေထဲက မင်းသား Sunny Suwanmethanont…
မင်းသမီးက ချစ်စဖွယ်မျက်နှာပေးလေးနဲ့ Pattarasaya Kreuasuwansri…
တကယ်ကောင်းတဲ့ ထိုင်းဟာသဇာတ်ကားလေးတွေက Entertainment ဖြစ်တာ အသေအချာမို့ ကြည့်ရှုသင့်တဲ့ဇာတ်ကားတစ်ကားပါ။
( မင်းသား Sunny ရဲ့ ဇာတ်ကားအားလုံးကို ဒီမှာ https://prizedataworld.blogspot.com/search/label/Sunny%20Suwanmethanont  ရှာလို့ရပါတယ်။)
– Zawgyi –
IMDb Rating (6.5) ရရှိထားတဲ့ ထိုင်းဟာသဇာတ်ကားလေးဖြစ်ပါတယ်။
ဂျော့ဆိုတဲ့ ငနဲလေးဟာ စွန့်စားတီထွင်ရတာကို ကြိုက်တတ်တဲ့ လူငယ်တစ်ယောက်ပါ…
သူဟာ…တီဗွီပန်ကာ…နေရောင်ခြည်နဲ့ကင်စားရတဲ့ ဘာဘီကျူးဆိုင် စတဲ့ စွန့်ဦးတီထွင်တဲ့လုပ်ငန်းတွေကို စိတ်ကူးပေါက်သလိုလုပ်ပြီး
လုပ်တိုင်းမှာ သောက်တလွဲဖြစ်သွားတတ်ပေမယ့် စိတ်ဓါတ်ကတော့ လုံးဝမကျပါဘူး….
ဒါပေမယ့် အကြွေးတွေ ဖိစီးလာတဲ့အခါမှာတော့ ပိုက်ဆံရမယ့် စွန့်စွန့်စားစား အလုပ်တစ်ခုကို လုပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်….
ဒါကတော့ ကြာကူလီဇာတ်လမ်းအရှုပ်တွေကို ဖော်ထုတ်ရမယ့် စုံထောက်လုပ်ငန်းပါ။
အဲ့ဇာတ်လမ်းအရှုပ်တွေထဲက ကောင်မလေးတစ်ယောက်ကို မြင်မြင်ချင်းကြွေသွားမိတဲ့အခါမှာတော့….
မောင်ဂျော့တစ်ယောက် ဘယ်လိုတွေ စွန့်စားမလဲဆိုတာ………။
မင်းသားကတော့ I fine thank you,love you …Heard Attack ဇာတ်ကားတွေထဲက မင်းသား  Sunny Suwanmethanont
မင်းသမီးက ချစ်စဖွယ်မျက်နှာပေးလေးနဲ့ Pattarasaya Kreuasuwansri…
တကယ်ကောင်းတဲ့ ထိုင်းဟာသဇာတ်ကားလေးတွေက Entertainment ဖြစ်တာ အသေအချာမို့ ကြည့်ရှုသင့်တဲ့ဇာတ်ကားတစ်ကားပါ။
crd to channelmyanmar

Dear Dakanda (2005)

မင်းသား Sunny ရဲ့ ပွဲဦးထွက် ဇာတ်ကားဖြစ်ပြီး အဲ့ဇာတ်ကားနဲ့ပဲ အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုရရှိခဲ့ပါတယ်။
Drama/Romance အမျိုးအစားဖြစ်ပြီး IMDb Rating (7.8) ရရှိထားပါတယ်။
မဖွင့်ပြောဘဲ သိမ်းဆည်းထားတဲ့ အချစ်တွေအကြောင်းကို ခံစားတင်ပြထားတာပါ။
crd to channelmyanmar

( မင်းသား Sunny ရဲ့ ဇာတ်ကားအားလုံးကို ဒီမှာ https://prizedataworld.blogspot.com/search/label/Sunny%20Suwanmethanont  ရှာလို့ရပါတယ်။)

Tuesday, May 12, 2020

Shambala (2012)

မင်းသား Sunny နဲ့ Shutter ဇာတ်ကားထဲမင်းသား Ananda Everingham နဲ့ညီအစ်ကိုအဖြစ်
သရုပ်ဆောင်ထားတဲ့ Shambhala ဟာ ထိုင်းရုပ်ရှင်လောကမှာတွေ့ရခဲ့တဲ့ဇာတ်ကားပါ။
ဆက်ဆံရေးအဆင်မပြေတဲ့ညီအစ်ကို ၂ယောက် တိဗက်ကိုခရီးထွက်ရင်းနားလည်မှုရလာတာကိုတင်ဆက်ထားတယ်။
ရယ်ရတဲ့ road trip ဇာတ်လမ်းမှာ ညီအစ်ကို ၂ယောက်ကြားကချစ်ခြင်းမေတ္တာကိုသရုပ်ဖော်ထားတဲ့ dramedy ဆန်ဆန်ဇာတ်လမ်းမျိုးဖြစ်ပြီး
တိဗက်ရဲ့လှပတဲ့ရှုခင်းတွေကိုလည်းမြင်ရဦးမှာပါ။
(ရုပ်ရှင်အညွှန်းကို Myanmore Plus မှကူးယူဖော်ပြပါသည်။)
crd to channelmyanmar

 ( မင်းသား Sunny ရဲ့ ဇာတ်ကားအားလုံးကို ဒီမှာ https://prizedataworld.blogspot.com/search/label/Sunny%20Suwanmethanont  ရှာလို့ရပါတယ်။)

Thursday, April 2, 2020

Happy Old Year (2019)

Bad Genius ရုပ်ရှင်နဲ့ နာမည်ကျော်သွားတဲ့
မင်းသမီး Chutimon Chuengcharoensukying ရဲ့
ရုပ်ရှင်အသစ်ကို တင်ပေးထားပါတယ်။
ဒီရုပ်ရှင်ကတော့ ဒရာမာ၊ ရိုးမန့်စ် အမျိုးအစားပါပဲ။
ဇာတ်လမ်းအကျဉ်း ဂျင်းဟာ
တကိုယ်ကောင်းခပ်ဆန်ဆန် ကောင်မလေးပါပဲ။
သူ့ချစ်သူကို အဆက်အသွယ်တိခနဲဖြတ်ပြီး
ဆွီဒင်ကို ထွက်သွားခဲ့တယ်။
သူပြန်လာချိန်မှာတော့ သူ့မှာ စိတ်ကူးလေးတစ်ခု ပါလာပါပြီ။
Minimalism လို့ခေါ်တဲ့ အနည်းဆုံးဝါဒနဲ့ ကိုက်ညီတဲ့
ရုံးခန်းနဲ့ အိမ်လေး ဆောက်ချင်စိတ်ပါပဲ။
အဲဒီလိုဆောက်ဖို့အတွက် တစ်အိမ်လုံးအပေါ်ထပ်အောက်ထပ်တွေ
ပစ္စည်းတွေပြည့်နှက်နေတဲ့ သူ့ရဲ့အိမ်မှာ
မလိုတာတွေအားလုံး၊ အမှတ်တရပစ္စည်းတွေအားလုံးကို
လွှင့်ပစ်ဖို့ လိုလာပါပြီ။
အသုံးမလိုတော့တဲ့ အတိတ်ကပစ္စည်းတွေကို
လွှင့်ပစ်ဖို့ဟာ ပြောရတာ လွယ်ပေမယ့်
လုပ်ရတာ အရမ်းခက်ခဲပါတယ်။
မိသားစုရဲ့ အမှတ်တရတွေ၊
သူ့ရည်းစားဟောင်းရဲ့အမှတ်တရတွေကို
တစ်ခုချင်း လွှင့်ပစ်ဖို့ ကြိုးစားရင်း
ကြုံတွေ့လာရတာတွေက အဓိကဇာတ်လမ်းပါပဲ။
သူက အစအဆုံးခံစားချက်တစ်ခုရတာမျိုးမဟုတ်ဘဲ၊
တစ်ခန်းလာလိုက်တိုင်း ခံစားချက်တစ်မျိုးရလာသလို၊
ကိုယ်နဲ့ပဲ တိုက်ဆိုင်နေသလိုလိုနဲ့
အရသာ တစ်မျိုးလေး ကြည့်ရတဲ့
ဇာတ်ကားမျိုးပါပဲ။ အားပေးကြပါဦး။
ဒီကားကို Little Neo မှ သူ၏ မေ့မပစ်နိုင်သော Ex များအတွက်
ခံစား ဘာသာပြန်ပေးထားပြီး Thit San Khant မှ
ပျင်းရိလေးတွဲ့စွာ တင်ဆက်ပေးထားပါသည်။
crd to channelmyanmar


( မင်းသား Sunny ရဲ့ ဇာတ်ကားအားလုံးကို ဒီမှာ https://prizedataworld.blogspot.com/search/label/Sunny%20Suwanmethanont  ရှာလို့ရပါတယ်။)